လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့  ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် Talk Show ဆောင်ရွက်

လယ်ဝေး မေ ၁၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show တွင် ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်နှင့် လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေသွယ်တို့က ပလတ်စတစ်ညစ်ညမ်းမှုဆိုသည်မှာ၊ ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ စွန့်ပစ်ဖျက်ဆီးခြင်းတို့၏ ညစ်ညမ်းမှုနှင့် ဆိုးကျိုးများ၊ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေးအစီအစဥ်များအား Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့ကျင်းပသည့် Talk Show အစီအစဥ်ကိုလည်း We Love Leiway Page တွင် ထုတ်လွှင့်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)