မြင်းမူ မေ ၁၉
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် သုတ/ရသစာပေများအပြင် စာဖတ်သူများ လက်တွေ့အသုံးချပညာပေးအဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အကြောင်းအရာ စာအုပ်များမှ မိမိသိရှိနားလည်သည်များကို အချင်းချင်းအမြင်ချင်းဖလှယ်ရန်အတွက် ပြန်/ဆက်ဦးစီးဌာနမှ ထုတ်ဝေသည့် ဒို့ကျေးရွာ စိုက်ပျိုးရေးနည်းလမ်းကောင်းများ (၂)စာအုပ်တွင် ပါရှိသည့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးကာ အပိုဝင်ငွေရရှိနိုင်သည့် နှစ်တိုစားဖိုချောင် သီးနှံစိုက်ပျိုးရောင်းချခြင်း၊ မိမိစိုက်ပျိုးမည့် ရေမြေသဘာဝနှင့် ကိုက်ညီသည့် သီးနှံရွေးချယ်စိုက်ပျိုးခြင်းနှင့် သဘာဝ မြေဩဇာပြုလုပ်သုံးစွဲခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုများနှင့် ပါတ်သက်၍ ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်သူ့စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်း ပြသထားရာ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး လာမည့် စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြသည်။ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သည် အသိပညာပေး လုပ်ငန်းများဖြစ်သော စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ (talk show) အစီအစဉ်များကို အပါတ်စဉ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။
အောင်စိုးဖေ (မြင်းမူ)