သတင်းများ

မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုး/မိုးနှောင်းရာသီ၌ ဒေသခံတောင်သူများ ဝါမျိုးကောင်း မျိုးသန့်စိုက်ပျိုးနိုင်ရေး စိုက်ဧက ၂၆၀ အတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့များ အခမဲ့ဖြန့်ဝေ
May 19,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် မိုး/မိုး​နှောင်းရာသီ၌ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး စိုက်ဧက ၂၆၀ အတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့များ အခမဲ့ဖြန့်ဝေခြင်းကို မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ်အချိန်က အိုင်ကြီးလည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ Mobile Library စနစ်ဖြင့်စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများ‌ဆောင်ရွက်
May 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွှဲ၁နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးဦးစီး ဌာနရုံးသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၊ ကမ္ဘောဇရှမ်းကျောင်းအတွင်းရှိ ရဟန်း၊ သံဃာများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်
May 19,2023
အရှေ့‌မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၈ နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကမ္ဘောဇရှမ်းကျောင်း (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)ရှိ ရဟန်းသံဃာတို့အား အခမဲ့ ဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌သည်။
ပုလောမြို့နယ် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
May 19,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ် အ.ထ.က (၂)၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းများတွင် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
May 19,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းများတွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်တွင် အလယ်တန်းအဆင့် (G-9) သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
May 19,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အလယ်တန်းအဆင့် (G-9)သင်ရိုးသစ် မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခန့်က ကော့သောင်းမြို့နယ်၊ အ.ထ.က(၁) ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာ‎ရေးမှူးများနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
May 19,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ကြံဆမှု မြင့်မားလာစေရန်နှင့် အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်ရုံးတွင် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးTalk Show ပြုလုပ်
May 19,2023
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre)တွင် အသိပညာပေး ဆွေးနွေးပွဲ(TalkShow)များကို ယနေ့ နံနက်ပိုင်းနှင့်‌ နေ့လယ်ပိုင်းတို့၌ကျင်းပ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။