သတင်းများ

ရေစကြိုမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေများ ဖြန့်ဝေပေး
May 19,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း နေထိုင်ကြသည့်  အများပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် ယမန်နေ့က အမှတ် (၅)၊ (၆)၊ (၇) ရပ်ကွက်များတွင် ရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပင်ကိုင်းဆက်နည်းပညာဖြင့် မြန်မာပြည်အရပ်ရပ်သို့ ကိုင်းဆက် သစ်သီးသစ်ပင်များ ရောင်းချလျက်ရှိသည့် ဆည်ပေါက်ကျေးရွာ
May 19,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နှင့်ပုပ္ပားကြားရှိ ဆည်ပေါက်ကျေးရွာသည် သစ်ပင်ပန်းမန်အမျိုးမျိုးအား ကိုင်းဆက်နည်းပညာဖြင့်သစ်သီး ပင်အမျိုးမျိုး၊ ပန်းပင်အမျိုးမျိုးတို့ကို ကိုင်းဆက်ကာ ပျိုးပင်၊ ကိုင်းဆက်ပင်အမျိုးမျိုးရောင်းချပြီး စီးပွားဖြစ်လုပ်ကိုင်နေသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သစ်ပင်အမျိုးမျိုးကိုင်းကူး၊ ကိုင်း ဆက်ရောင်းချလျက်ရှိသည်။
မင်းလှမြို့တွင် အောင်ကိုဦး(UMK)ရေသားသည့် လူငယ်တွေ စဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
May 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ အောင်ကိုဦး (UMK)ရေးသားသည့် လူငယ်တွေ စဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေး
May 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဆေးထိုးစုရပ်များ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် တိုင်းဒေသကြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်း တာ၀န်ပေးအပ်ပွဲပြုလုပ်
May 19,2023
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် တိုင်းဒေသကြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်း တာ၀န်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး Mask-Campaign ဆောင်ရွက်
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဦးဆောင်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီက လူစည်ကားရာ လမ်းဆုံ၊ လမ်းမများတစ်လျောက်တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၃ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ယမန်နေ့၊ နံနက်က သထုံခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ ‌လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ၂၀၂၂-၂၀၂၃ခုနှစ်၊ နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ဘက်ရဲမြို့ အမှတ်(၂)၊ တောင်သူဦးမြင့်နိုင်၏ လယ်မြေတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။