ပခုက္ကူ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး(Talk Show)ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး (Talk Show) အစီအစဉ်တွင် ပခုက္ကူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က အသိပညာပေး ပြုလုပ်ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြောင်းနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလမင်းသန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ၂၀၂၃ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်၊ လေထုညစ်ညမ်းမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် အဓိကအကြောင်းအရာများ၊ ကြွပ်ကြွပ်အိတ်များ လျော့ချအသုံးပြုရေးနှင့် စွန့်ပစ်အမှိုက်များ စနစ်တကျအသုံးပြုရေးများ၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းနိုင်ရေး လူသားအားလုံး လိုက်နာရမည့် အကြောင်းအရာ အချက်အလက်များအကြောင်းတို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)