ကျိုက်လတ်မြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

ကျိုက်လတ် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၇)နာရီခွဲက အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ တိလောကမာရဇိန် မြတ်စွာဘုရားကြီး၏ သာသနာ့ ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ကျိုက်လတ်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးဇဋိလ ထံမှငါးပါးသီလနှင့် သြဝါဒကထာ ခံယူကြသည်။ ထို့နောက် သင်တန်းသားများအတွက် စာရေးကိရိယာများကို တာဝန်ရှိသူများက လှူဒါန်းကြပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းနှင့် ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုပူဇော်၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍ သင်တန်းပို့ချမည့် ဆရာမမှ မိတ်ဆက်စကား ပြောကြားပြီး သင်တန်းကို ပို့ချပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၁၀၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆင့်ပွား သင်တန်းဖွင့်ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၁၉-၅-၂၀၂၃) ရက်နေ့မှ (၂၁-၅-၂၀၂၃)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရီရီမြင့်