ကျောက်မဲမြို့နယ်၊ ကမ္ဘောဇရှမ်းကျောင်းအတွင်းရှိ ရဟန်း၊ သံဃာများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်

ကျောက်မဲ မေ ၁၉

အရှေ့‌မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၈ နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကမ္ဘောဇရှမ်းကျောင်း (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)ရှိ ရဟန်းသံဃာတို့အား အခမဲ့ ဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အရှေ့‌မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊ ကျောက်မဲခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တပ်ရင်းနယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရဟန်း၊ သံဃာများအား အခမဲ့ ဆေးဝါးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကမ္ဘောဇရှမ်းကျောင်းရှိ ရဟန်းသံဃာ အပါး ၂၅၀ ခန့်အား ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းပျက်/ဝမ်းလျော၊ ပွေး၊ ဝဲ၊ ယားနာ အစရှိသည့် အထွေထွေရောဂါတို့ကို စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)