နမ္မတူ မေ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းများတွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမှတ် (၂)အခြေခံပညာအထက်တန် းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အိရွှေစင်ဦးက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းများတွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာဆက်လက် သင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစိုးမောင်က စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်း များကို ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုးမြို့နယ် အ.ထ.က (၁)တွင်လည်းကောင်း၊ ကျောက်မဲ မြို့နယ် အ.ထ.က (၃)တွင်လည်းကောင်း၊ အ.ထ.က (လောက်ကိုင်) တွင်လည်းကောင်း၊ အ.ထ.က (မန်တုံ)တွင်လည်းကောင်း စုစုပေါင်း (၄)နေရာဖွင့်လှစ်ထားရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများတွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသည့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေး နွေးပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)