ချမ်းမြသာစည် မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre)တွင် အသိပညာပေး ဆွေးနွေးပွဲ(TalkShow)များကို ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့၌ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် (Talk Show) ဆွေးနွေးပွဲမှာ လူငယ်နှင့်ရသစာပေအကြောင်း အသိပညာပေးဆွေးနွေးပွဲဖြစ်ပြီး သုတ/ရသစာပေများအကြောင်း၊ ရသစာပေ၏ ဂုဏ်အင်များ အကြောင်း၊ စာပေမှရရှိသော အကျိုးကျေးဇူးများအကြောင်း စသည့်အချက်များ ကို ဆွေးနွေးခဲ့ကြသည်။ နေ့လယ်ပိုင်း ဆွေးနွေးပွဲတွင် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲဖြစ်ပြီး သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သင့်သည့်အချက်များ၊ ဥပဒေပြဌာန်းချက်များ၊ စီမံဆောင်ရွက်ထားရှိမှုများစသည်တို့ကို ဆွေးနွေးခဲ့ကြ သည်။
ဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်၊ရုပ်/သံကျွမ်းကျင် (၃)ဒေါ်ညိုညို၀င်းနှင့် စာရေးဆရာ ဘုန်းဇော်မိုး (ဥဿာ)တို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (ချမ်းစည်)