မိုင်းခတ်၌ Mobile Library စနစ်ဖြင့်စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများ‌ဆောင်ရွက်

မိုင်းခတ် မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွှဲ၁နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးဦးစီး ဌာနရုံးသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ စာအုပ်များလာရောက်ငှားရမ်းရန်အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို မြို့နယ်စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းများသို့ ယခင်ငှားရမ်း‌ပေးထား‌သောစာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်အသစ်များကို ထပ်မံပြန်လည်ငှားရမ်းပေးခဲ့သည်။

မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ်ရှိရပ်ကွက်နေ‌ တိုင်းရင်းသားပြည်သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)