ကော့သောင်း မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အလယ်တန်းအဆင့် (G-9)သင်ရိုးသစ် မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခန့်က ကော့သောင်းမြို့နယ်၊ အ.ထ.က(၁) ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်ပညာရေးမှူး ဒေါ်သန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ငွေမှ သင်တန်းဖွင့်လှစ်မှုဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် သင်တန်းခန်းအလိုက် သင်ခန်းစာဆွေးနွေးချက်များ လုပ်ဆောင်ရမည့် အစီအစဉ်များကို ဒုမြို့နယ်ပညာရေးမှူးက ရှင်းလင်းပြောကြားပြီး (G9)ဆင့်ပွား သင်တန်းကို သင်တန်းနည်းပြဆရာ၊ ဆရာမများက မြို့နယ်အဆင့် သင်တန်းတက်ရောက်ကြသူဆရာ၊ ဆရာမအား သင်ခန်းစာများ စတင်ဆွေးနွေးပို့ချခဲ့ကြပြီး အဆိုပါသင်တန်းကို မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့ထိ (၈) ရက်တာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)