ပန်ဆိုင်း မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ကလေးသူငယ်များဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ပြိုင်ပွဲများပြုလုပ်ရခြင်းမှာ ကလေးသူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၉)ဦး တက်ရောက်ခဲ့ပြီး ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း( ပြန်/ဆက်)