မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် လူနေအဆောက်အအုံများပျက်စီး

မြေပုံ   မေ    ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အဆောက်အဦများ၊ ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးပေးခန်းများ၊ ဘာသာရေး အဆောက် အဦများ၊ လူနှင့် တိရစ္ဆာန်များ လေဘေးကြောင့် ဆုံးရှုံးပျက်စီးမှုများရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြေပုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်၊ ကမ်းထောင့်ကြီးမြို့တွင် မြို့ပေါ်(၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၉)အုပ်စုတို့မှ လေဘေးသင့်နေအိမ် (၇၄၈၀) အိမ်၊ လေဘေးသင့်လူဦးရေ ကျား(၁၅၀၅၄)ဦး၊ မ (၁၆၃၁၅) ဦး၊ စုစုပေါင်း (၃၁၃၆၉) ဦးရှိပြီး (၁) ဦး သေဆုံးခဲ့ကာ ကျွဲ၊ နွားနှင့် ဝက်အစရှိသည့်တိရစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။

၎င်းအပြင် လေဘေးသင့်နေအိမ်(၇၄၈၀)အိမ်၊ စာသင်ကျောင်း(၇၁)ကျောင်း၊ ရုံး (၂၉)ရုံး၊ ဆေးရုံ/ဆေးပေးခန်း(၂၉)ခု၊ ဘာသာရေးအဆောက်အဦ(၉၀)လုံးနှင့် အခြားပျက်စီးမှု (၁၈၅)ခု၊ အဆောက်အဦ စုစုပေါင်း(၇၈၇၂)လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

တင်ဝင်း