မုံးကိုး မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်ဒေသခံပြည်သူများ အသိပညာဗဟုသုတ ရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ယနေ့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က စာအုပ်စာပေသည်လူသားတို့အတွက် အရင်းအနှီးတစ်ခုဆို တာကို အစချီ၍ ပြောကြားကာစာအုပ်၏အရေးပါပုံများကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာရေးဆရာချစ်ဦးညို၏ “တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာ စာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါစာအုပ်ထဲတွင်ယဉ်ကျေးမှု အတွေးအမြင် စာစုဖြစ်သောကြောင့် စာပေချစ်မြတ်နိုးသူများ စိတ်ပါဝင်စားစွာပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မုံးကိုးမြို့အတွင်းရှိ ဒေသခံ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှုတိုးပွားလာ စေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရှိပြီးရင်းနှီးထိတွေ့မှုများ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသခြင်းကိုပါ ဆောင်ရွက်လျက်ရှိကြောင်းကို သိရပါသည်။ ထို့နောက် မူးယစ်ဆေးဝါးအသိပညာပေးအတွက် ဓာတ်ပုံပြပွဲပါ ဆက်လက်လုပ်ဆောင်ခဲ့ ကြောင်းကို သိရပါသည်။
မေစံပယ်ဖူး(မုံးကိုး)