မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အမိုးသွပ်ပြားအချပ်ရေ(၂၀,၀၀၀)အပါအဝင် သွပ်ရိုက်သံများကို ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်၊ အလုပ် အမှုဆောင်များနှင့် ညီနောင်အသင်းအဖွဲ့များမှလှူဒါန်း

ရန်ကုန် မေ ၁၉

လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် ညီနောင်အသင်းအဖွဲ့များမှ လှူဒါန်းထားသော အလှူငွေများထဲမှ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးခဲ့သောဒေသများရှိ ပြည်သူများအတွက် အရေးတကြီးလိုအပ်နေသည့် အမိုးသွပ်ပြားအချပ်ရေ(၂၀,၀၀၀)နှင့် သွပ်ရိုက်သံများကို ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အခြားမုန်တိုင်းဒဏ်သင့်ဒေသများသို့ လှူဒါန်းခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် ကျရောက်ခံစား ခဲ့ရသည့် ဒေသများကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် UMFCCI Task Force ကို ဖွဲ့စည်းထားရှိကာ အသင်းချုပ်၏ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်၊ ညီနောင်အသင်းများ၊ အသင်းသူ/အသင်းသားများမှလည်း ပါဝင်လှူဒါန်း ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်