တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း-လမ်းစည်းကမ်း နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဟောပြောပွဲ ဆောင်ရွက်

တနိုင်း မေ ၂၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တနိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း-လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဟောပြောပွဲခြင်းကို ဒေသကွပ်ကဲမှုခန်းမတွင် မေလ ၂၀ ရက်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမြသောင်းမှ ယာဉ်စည်းကမ်း-လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း-လမ်းစည်းကမ်းများကို သိရှိပြီး လိုက်နာဆောင်ရွက်ကြစေရန်၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်၊ ရှောင်ရန်များကိုပြောကြားပြီး၊  လူကုန်ကူးမှုတားဆီးရေးအတွက် ဥပဒေပုဒ်မ၊  ပြစ်မှု ပြစ်ဒဏ် များကိုလည်း အကျယ်တဝင့် ရှင်းလင်း‌ပြောကြားခဲ့သည်။

ဟောပြောပွဲတွင် ယာဉ်စည်းကမ်း-လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေခဲ့ပြီး တပ်မိသားစု၊ တပ်ဖွဲ့ဝင်များ(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပန်းအိ(တနိုင်း)