သတင်းများ

မြန်မာနိုင်ငံကြက်ခြေနီအသင်း ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများ တွေ့ဆုံပွဲအခမ်းအနား ပြင်ဦးလွင်မြို့တော်ခန်းမတွင်ကျင်းပ
May 20,2023
 မြန်မာနိုင်ငံကြက်ခြေနီအသင်း ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့တော်ခန်းမတွင် ကျင်းပသည်။
ဟိုပုံးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနိုနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ကြည့်ရှု
May 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့်ကြက်ဥ၊ နွားနိုများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီ ခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ စာရင်းကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 20,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများကို စာရင်းကောက်ယူနိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
May 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်‌ရေး ကျောင်းဥပဓိရုပ် ကောင်းမွန်လှပစေရန်အတွက် ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငရုတ်ကောင်းမြို့ သဲဖြူကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများထောက်ပံ့ပေးအပ်
May 20,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့၊သဲဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် သစ်ရောင်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတို့၌  ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာပစ္စည်းများနှင့် ဒေသခံပြည်သူ များအတွက်စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
သရက်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ ပထမအကြိမ် ဓမ္မပူဇာသဘင် ဒုတိယနေ့ တရားပွဲ ကျင်းပ
May 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ သရက်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ဦးစီး၍ သာသနာ့ဗိမာန်တော်ကြီး၌ မေလ(၁၉)ရက်နေ့ ည(၈)နာရီတွင် နိုင်ငံကျော်ဓမ္မကထိက ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာအရှင်တေဇောသာရ Ph.D. (Buddhism India) ဒုတိယနေ့ တရားပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများအား စစ်တမ်းကောက်ယူ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 20,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းကြောင်း ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများအား စစ်တမ်းကောက်ယူဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန Command Post အစည်းအဝေးခန်းမတွင်ယနေ့ညနေ(၄)နာရီအချိန်ကကျင်းပခဲ့သည်။