ဗဟန်း မေ ၂၂
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့၊ ညနေ ၅ နာရီက နယုန်လပြည့်နေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်သော်တာဝင်းပြည့်နှင့် စာရေးဆရာ ဝင်းတင့်ဦး(ကြံခင်း) တို့က နယုန်လပြည့်နေ့အကြောင်းနှင့် နယုန်လပြည့် နေ့ထူးခြားချက်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)ရုံးအနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး