အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော် ကျွန်းစုမြို့တွင် ကျင်းပ

ကျွန်းစု မေ ၂၂

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၇) နာရီခွဲအချိန်က ကျွန်းစုမြို့၊ မြို့မအားကစားကွင်းရှိ သတ်မှတ်ကွင်းပြင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက  သစ်ပင်ပျိုးပင်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများမှ သစ်ပင်စိုက်ပျိုးပွဲတော်၌ စုပေါင်းပါဝင်စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး (၁၅၀) ပင်၊ မန်ဂျာရှားပင် (၁၀၀) ပင်၊ မဟော်ဂနီ (၁၀၀) ပင်၊ စုစုပေါင်းသစ်ပင် (၃၅၀) ပင်တို့အား သတ်မှတ်နေရာ၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်