အမ်း မေ ၂၂
ကျေးရွာစာကြည့်တိုက်များရှင်သန် ခိုင်မာရေး၊ ကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်ရည်ရွယ် ၍ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များနှင့် ပူးပေါင်း၍ယနေ့နံနက် ၉ နာရီအချိန်က ပျဉ်းတောကျေးရွာရှိ ပညာအလင်း တံခါးစာကြည့်တိုက်သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့်ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇူလိုင်ထွေးနှင့် အသင်းဝင်များ၊ ပျဥ်းတောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက် ကော်မတီဝင်များ၊စာပေမြတ်နိုး သူလူငယ်များတက်ရောက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျေးရွာစာကြည့်တိုက်များ ရရှင်သန်ခိုင်စေရေး၊ စာအုပ်စာစောင်တိုးပွားရေး၊ စာဖတ်သူ တိုးပွားရေးနှင့် ကျေးရွာတိုင်း စာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး၊ စာကြည့်တိုက်လုပ်ငန်းများ စနစ် တကျရှိစေရေးနှင့် ကျောင်းသားကျောင်း သူလူငယ်များ ကျောင်းပြင်ပချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုစေရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌဒေါ်ဇူလှိုင်ထွေးက လူကုန်ကူးမှုပတ်သက်၍ ဆောင်ရန်ရှောင်ရန် အသိပညာပေးအကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများကမေး မြန်းချက်များအပေါ် ရှင်းလင်းပြောကြားကာသတင်းစာ၊ ဂျာနယ်များအားပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလူငယ်အသိ ပညာပေးနံရံကပ်စာစောင်များအားစိတ်ဝင်တစား လေ့လာကြည့်ရှုကြရာမြို့နယ် ဦးစီးမှူး ဦးစန်းဝင်းက ရှင်းလင်းပြောကြားပေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)