မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အာက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်း Multipurpose Stadium ခန်းမ၌ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အာက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အာက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ နေပြည်တော်တွင် ကျင်းပမည့် ဇူလိုင်လ(၁၃)ရက်နေ့မှ (၂၀)ရက်နေ့အထိ တိုင်းနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲအား မန္တလေးတိုင်းဒေသကြီးအသင်းအနေဖြင့် အောင်မြင်မှုရရှိစေရန်၊ ဖူဆယ်အားကစားနည်းကို နည်းစနစ်တကျ စည်းမျဉ်းဥပဒေများနှင့်အညီ ကစားတတ်စေရန်၊ မြန်မာ့ဖူဆယ် အားကစားအသင်းကို ထောာက်ပံ့ပေးနိုင်သော ဖူဆယ်ကစားသမားများ ပေါ်ပေါက်လာစေရန်၊ ဖူဆယ်ကစားခြင်းဖြင့် ကိစ္စတစ်ခုကို မြန်မြန်ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာ‌စေခြင်း၊ မျှမျှတတ တွေးခေါ်တတ်ခြင်းစသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ကျင်းပ‌ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားပြီး ပြိုင်ပွဲဝင် အသက်(၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်အားကစားသမားအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက အားကစားပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ သည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်အကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီး ဖူဆယ်ဆပ်ကော်မတီမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း