ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကျောက်တံတား မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀:၀၀ နာရီက စာရေးဆရာအောင်လှိုင်၏  အောင်မြင်မှုအတွက်အပြုံး၏တန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမညွန့်ညွန့်(ကလော)က စာရေးဆရာအောင်လှိုင်၏ အောင်မြင်မှုအတွက်အပြုံး၏တန်ဖိုးစာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးရာ အပြုံးတစ်ပွင့်ကြောင့် အရာရာကိုအောင်နိုင်ပြီး အောင်မြင်မှုအမျိုးမျိုးကိုတည်ဆောက်ပေးနိုင်ကြောင်း၊ အပြုံးတစ်ပွင့်ရဲ့စွမ်းအင်ဟာစီးပွားရေးလောကမှာသာ အောင်မြင်တိုးတက်မှုတွေရရှိအောင်လုပ်ပေးနိုင်တာမဟုတ်ဘဲ ခေါင်းဆောင်မှု ပညာရပ်နဲ့ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်နိုင်ခြင်းတွေအတွက်ပါ ထိရောက်မှုရှိစေတဲ့အစွမ်းထက်စွမ်းအင်တစ်ရပ်ဖြစ်ကြောင်း၊ တစ်နေ့တာအချိန်တွေကိုဒေါသစိတ်နဲ့ကုန်ဆုံးမဲ့အစား အပြုံးတစ်ပွင့်စီခြွေပြီးလက်စသတ်နိုင်ခြင်းက ပိုပြီးအကျိုးရှိမယ်ဆိုတာကိုနားလည်လက်ခံနိုင်စွမ်းရှိလိမ့်မည်ဖြစ်ကြောင်း အခြေအနေအချိန်အခါနှင့်နေရာဒေသအလိုက် အပြုံးတစ်ပွင့်ချင်းစီခြွေနိုင်ပြီဆိုရင်​အပြုံးပိုင်ရှင်ဖြစ်တဲ့ သင်ကိုယ်တိုင်အတွက်သာမက သင့်အပြုံးတစ်ပွင့်ချင်းကိုလက်ခံရရှိလူတိုင်းဆီကနေ သင်လိုအပ်နေတဲ့ အကူအညီတွေရလာပါလိမ့်မည်ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ရာတက်ရောက်လာကြသည့် (Book Club) စာပေချစ်မြတ်နိုးသူများမှအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးအနေဖြင့် ပြည်သူများအသိပညာဗသုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်ဆက်)