သာယာဝတီမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

သာယာဝတီ    မေ     ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ‌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ကျန်းမာရေးအဆင့် တိုးတက်မြင့်မားလာစေရန်နှင့် ငွေကုန်ကြေးကျသက်သာစေရန် ရည်ရွယ်၍  ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းဖြစ်ကြောင်းနှင့် ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် အထွေထွေရောဂါများကို  စမ်းသပ်စစ်ဆေး၍ လိုအပ်သောဆေးဝါးများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းအား လစဥ်ပင်စင်ထုတ်ရက်နှင့် တိုက်ဆိုင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းများကို လစဥ်ပင်စင်ထုတ်ရက်တိုင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)