ရွှေဘိုခရိုင်ရုံးတွင် "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ အားလုံးပူ​ပေါင်း​ဖြေရှင်းစို့" အသိ ပညာပေး Talk Show ပြုလုပ်

ရွှေဘို ​မေ ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် "ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ အားလုံးပူး​ပေါင်း​ဖြေရှင်းစို့" အသိပညာပေး Talk Show ကို ယနေ့‌နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်‌​အေးမြင့်စန်းက အသိပညာ​ပေး Talk Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ​ပြောကြားခဲ့ပြီး ​ရွှေဘိုခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်သူဇာလင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ ဖြစ်ပေါ်လာပုံနှင့် ပလတ်စတစ်၏ အဓိပ္ပါယ်၊ ပလတ်စတစ်​ပေါ်​ပေါက်လာပုံနှင့် ပါဝင်သည့် ပစ္စည်းများ ပလတ်စတစ်၏ အကျိုး​ကျေးဇူး၊ ပလတ်စတစ်အမျိုးအစားများနှင့် ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှု အ​ခြေအ​နေ၊ ပလတ်စတစ် ညစ်ညမ်းမှု​ကြောင့် ဖြစ်​ပေါ်လာနိုင်​သော ဆိုးကျိုးများ၊ ပလတ်စတစ်ပစ္စည်းများ အသုံးပြုမှုကို​လျှော့ချရန် နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ​ဆွေး​နွေးပြောကြားကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ကို  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ရွှေဘိုခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် အသိပညာပေး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်