မြို့သစ် မေ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား လျော့နည်းမှု မရှိစေရေး ဓာတ်အားထိန်းကိရိယာများ အသစ်လဲလှယ်ခြင်းကို ယမန်နေ့က ပြင်ဆင်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လမ်းဘေးဝဲယာတစ်လျှောက်ရှိ လျှပ်စစ်မီးကြိုးများ ပြတ်တောက်မှုများ စစ်ဆေးခြင်း၊ သစ်ပင်သစ်ကိုင်းများနှင့် ထိဆက်နေသော ဓာတ်ကြိုးများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး လျှပ်စစ်မီးလျော့နည်းနေသည့် ထရန်စဖာအိုးအဟောင်းအားဝပ်အား မြင့်ထရန်စဖာအိုးအသစ် လဲလှယ်တပ်ဆင် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိစေရေး ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ခံထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)