လွိုင်လင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လွိုင်လင် မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြကန်သာရေကန်အနီးတွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို လူထုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍  စိုက်ပျိုးမည့်ပျိုးပင်များကို ဒေသခံပြည်သူများအား ပေးအပ်ပြီး ချယ်ရီပင်ကို စိုက်ပျိုးပေးပါသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် လွိုင်လင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလျိုင်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က စိုက်ပျိုးမည့် ပျိုးပင်များကို ဒေသခံပြည်သူများကို ပေးအပ်ကြသည်။ ဆက်လက်၍ တပ်နယ်မှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ထင်းရှူး ၂၇၀ ပင်၊ ချယ်ရီ ၁၅၀ ပင်နှင့် စိန်ပန်းပြာ ၁၂၀ ပင်၊ စုစုပေါင်းပျိုးပင် ၅၄၀ ပင်တို့အား စိုက်ပျိုးကြပါသည်။ သစ်ပင်စိုက်ပျိုးနေမှုများကို တပ်နယ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့ အားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)