ဒလ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်အတွင်းရှိ (အငြိမ်းစား)ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့်ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်းသိရသည်။
ဒလမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း(၄၀၅)ဦးရှိပြီး ပင်စင်လစာများ အဆင်ပြေစေရေးအတွက် မေလ ၂၂ ရက်နေ့မှစ၍ထုတ်ပေးလျက်ရှိရာ ယခု အငြိမ်းစားပင်စင်ထုတ်ယူသူ(၃၈၀)ဦးရှိပြီး နောက်ရက်များတွင်လည်းကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ဆက်)