ကျောက်မဲ မေ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် မေလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် မေလ ၂၂ ရက်နေ့မှ စတင်၍ ၂၄ ရက်နေ့အထိ နံနက် ၈ နာရီမှ မွန်းလွဲ ၂နာရီအတွင်း ဘဏ်ဖွင့်ရက်များ တွင်သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါရက်များတွင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိပါက ဇွန်လ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ကျောက်မဲမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ(၄၀၀) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)