ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဟိုပုံးမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်

ဟိုပုံး မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်‌ရေးဦးစီးမှူးရုံး မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း‌‌ရေးမှူး ဦးတင်ထူးမောင်က အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လိမ္မာယဉ်ကျေးပြီး ဘာသာတရားကို ငယ်စဉ်ကလေးဘဝမှ သိရှိနားလည်တန်ဖိုး ထားတတ်စေရန်၊ မင်္ဂလာတရားကို သိရှိနားလည်လိုက်နာတတ်စေရန်၊ သူတစ်ပါးကို ယဉ်ကျေးလိမ္မာသည့် အပြုအမူများ ပြန်လည်မျှဝေတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ် စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပြီး ကုသိုလ်၊ အကုသိုလ် အကြောင်းအရာများနှင့် စိတ်ကောင်းကောင်း ထားတတ်စေရန်စသည့် အချက်အလက် များကို အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့‌နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်‌ရေးဦးစီးမှူးရုံး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်၊ ဓမ္မစကူး ဆရာမ ဒေါ်သီတာထွေးနှင့် တာဝန်ရှိသူများက (၃၈)ဖြာ မင်္ဂလာတရားကိုသိရှိ နားလည်နိုင်ရန်၊ ဗုဒ္ဓဘာသာ တရားတော်များကို ငယ်ရွယ်စဉ်မှ စတင်လေ့လာမှတ်သားနိုင်ရန်၊ ဗဟုသုတတိုးပွား စေရန်(၃၈)ဖြာ မင်္ဂလာစာအုပ်မှ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓဝင်တရား တော်များကို အပိုင်းများခွဲခြားကာ သင်ကြားပေးခဲ့ပြီး ဇာတ်တော်ကြီးဆယ်ဘွဲ့အကြောင်း ဉာဏ်စမ်းမေးမွန်းများနှင့် သရုပ်ဖော်ပုံများကို စာတွေ့လက်တွေ့သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းပို့ချနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း‌‌ရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအား နေ့လည်စာ အာဟာရများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)