ကျောင်းကုန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံမှုစတင်လက်ခံ

ကျောင်းကုန်း မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက် ၈ နာရီအချိန်က ကျောင်းအပ်နှံမှု စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်ဆောင်ပုဒ်မှာ "ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ "ဟု တိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် မေလ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားရာ အမှတ် (၁) ‌အခြေခံပညာအထက်တန်းကျောင်း၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများစည်ကားစွာ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)