နောင်ချို မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ကျောင်းအပ်နှံရေး သီတင်းပတ်)အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်စေရန် ကျောင်းအပ်နှံခြင်း၊ လက်ခံခြင်းကို မေလ (၂၃) ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင်လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းအပ်နှံ လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း Grade-1 မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများကို အခမဲ့ ထုတ်ပေးခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမြင့်ဌေးထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)