မိုင်းတုံ မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဟိုပန်ကျေးရွာအုပ်စု၊ စမ်းသီတာ ၅ မိုင်ကျေးရွာအနီး၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိူးစုံမျိူးကွဲများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပရာတွင် မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးများ၊ ခရိုင်/မြို့နယ်မိခင်ကလေးအဖွဲ့များ၊ တိုင်းရင်းသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာဇီဝမျိူးစုံမျိူးကွဲများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတွင် ကျွန်း (၁၀၀) ပင်၊ ပိတောက် (၁၀၀)ပင်၊ မန်ဂျန်ရှား (၅၀) စိန်ပန်နီ( ၂၅)ပင်၊ စိန်ပန်းပြာ(၂၅)ပင် စုစုပေါင်း(၃၀၀)ပင်ကို မိုင်းတုံမြို့နယ်ပတ်ဝန်းကျင်တွင် သာယာလှပစေရေး၊ လျှော့နည်းသွားသောသစ်ပင်များအတွက် ပြန်လည်အစားထိုးဖြေ့စည်းနိုင်ရေးတို့အတွက် ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)