လယ်ဝေး မေ ၂၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ မြို့သစ်(၂)လမ်း၊ ခန်းမလမ်းဘေးနှင့် ရန်ကုန်-မန္တလေးလမ်းဘေးရှိ သစ်ကိုင်းများအား ရှင်းလင်းသိမ်းဆည်းခြင်း၊ အောင်ဇေယျပန်းခြံဘေးရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ဗောဓိကုန်းလမ်းနှင့် သုခုမလမ်းဘေး ဝဲ/ယာရှိ စိုက်ပျိုးထားသော အပင်များအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လယ်ဝေးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေးဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေရည် (ပြန်/ဆက်)