မက်မန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်စတင်

မက်မန်း မေ ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် စတင်သည့်အနေဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍  ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်သည်။

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း မက်မန်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ KG တန်းမှ  Grade-12   အထိ ကျောင်းအပ်နှံနိုင်ပြီး ကျောင်းအပ်စတင်လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသား/ကျောင်းသူများ ကိုလည်း မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်သား/ကျောင်းသူ တစ်ဦးချင်းအား ကျောင်းသုံးပြဌာန်းစာအုပ် စုံစီကို ဇွန်လ(၁) ရက်နေ့ ကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့၌  အခမဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်သည် ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)