ရသေ့တောင် မေ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှဝန်ထမ်း(၆၀)ဦးဖြင့် လမ်းများအလိုက် ရှင်းလင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် တက်ညီ လက်ညီ ဆောင်ရွက်လျက်ရှိသည်။
ရသေ့တောင်မြို့တွင် မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရာ လျှပ်စစ်ဓာတ်တိုင်များပြိုလဲခြင်း၊ ထရန်စဖော်မာများပြိုပျက်ခြင်း၊ ဓာတ်ကြိုးလိုင်းများပြုတ်ကျခြင်း သစ်ပင်များကျိုးကျ၍ လမ်းများပိတ်ခြင်းများဖြစ်ခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ နေ့စဥ်လိုက်လံသိမ်းဆည်းခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)