ရွှေပြည်သာ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများကျောင်းအပ်နှံရာတွင် ငွေကြေးကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းဝတ်စုံ(၁)စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ခဲတံတို့အားနိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၃၉)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်း စုစုပေါင်း(၈၄)ကျောင်းရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာကျောင်းအပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)