မောက်မယ်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံ

မောက်မယ် မေ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံးက ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၃၅)ကျောင်း၊ မူလတန်းကျောင်းခွဲ (၄)ကျောင်း စုစုပေါင်း(၅၇)ကျောင်းရှိရာ ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် KG နှင့် Grade-1မှ Grade-11 အထိ ကျောင်းသား/ကျောင်းသူများအား ကျောင်းသား မိဘများက အများအပြားလာရောက်အပ်နှံပြီး KG နှင့် Grade-1 မှ Grade-5 အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံ၊ Grade-6 မှ Grade-12 အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်ကာ မေလ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ဆရာ/ ဆရာမများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)