အမာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ကလေးများအားလုံး စတင်ကျောင်းအပ်လက်ခံ

အမာ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ယနေ့ နံနက် (၉)နာရီအချိန်မှ ညနေ (၂)နာရီအချိန်အထိ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ကျောင်းအပ်လက်ခံလျက်ရှိ ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှ စတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက် (အင်္ဂါ​နေ့) မှ ၃၁ ရက် (ဗုဒ္ဓဟူးနေ့)အထိ သတ်မှတ်ထားသဖြင့် ယင်းကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံ ကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေ လုံးဝ(လုံးဝ) ကောက်ခံမှု မရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသား အားလုံးကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်နှင့် ခဲတံများ အခမဲ့ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းနှင့် အမာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းမှ ကျောင်းအပ်နှံရာသို့ လာရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်