တာချီလိတ် မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
လာမည့် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်၍ ၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာ KG မှ Grade-11 အထိ အတန်းများ၏ ကျောင်းအပ်ရက်ကို မေလ ၂၃ ရက်မှ စတင်လက်ခံနေပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၃ ရက်မှ ဇွန်လဆန်း ကျောင်းမဖွင့်မီကာလအထိ သတ်မှတ်ထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ ၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၄ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ၃ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၁၁ ကျောင်းနှင့် မူလတန်း လွန်ကျောင်း ၉ ကျောင်းရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)