သတင်းများ

လားရှိုးမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံ
May 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း စတင်လက်ခံ
May 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၈)နာရီမှစတင်၍ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်လျက်ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှု စတင်လက်ခံဆောင်ရွက်
May 23,2023
ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အား မေ ၂၃ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားရှိရာ မေ ၂၃ ရက် နံနက် ၉ နာရီမှ စတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်ရှိ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှုများအား တာဝန်ခံဆရာ/မများက စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိ သည်။
အလုံမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ​ခြေခံပညာ​​ကျောင်းများတွင် စတင်ကျောင်း အပ်လက်ခံ
May 23,2023
ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊  အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ရည်ရွယ်၍ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​နေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးအရအဖွဲ့ ဝန်ကြီးချုပ်ဖလား တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကသာခရိုင် U-18 ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ
May 23,2023
၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကသာခရိုင် U-18 ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ကသာခရိုင်၊ ကသာမြို့တွင် ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်မြို့နယ်အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာလာရောက် စတင်ကျောင်းအပ်နှံ
May 23,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်(ပထမနေ့) မေ၂၃ရက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာလာရောက် ကျောင်းအပ်နှံလျက်ရှိ‌ကြောင်းသိရသည်။
တွံတေးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများစတင်ဆောင်ရွက်
May 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။