ရွှေတောင် မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သူများသို့ မတည်ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က စိုက်ပျိုးရေး/မွေးမြူရေး လုပ်ငန်း လုပ်ကိုင် သူများသို့ မတည်ငွေများ ထုတ်ချေးပေးမည့် အစီအစဥ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သူများသို့ မတည်ငွေများကို ပြည်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ၊ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာ (၁၇) အုပ်စုရှိ တောင်သူ (၃၁၅)ဦး၏ ဧက (၁၁၀၀)အတွက် တစ်ဧကလျှင် ( ၂) သိန်းနှုန်းဖြင့် ကျပ်သိန်း ( ၂၂၀၀) ကျပ်၊မွေးမြူရေးလုပ်ငန်းအတွက်အုပ်စု (၃) အုပ်စုအတွင်းရှိ အသား တိုးကြက်နှင့် အသားတိုးဝက် မွေးမြူရေးလုပ်ကိုင်သူ (၃) ဦး တို့အား သိန်း (၃၅၀)ကျပ်နှင့် MSMEs စီးပွားရေးလုပ်ငန်းများအတွက် သိန်း (၅၈၀)ကျပ် စုစုပေါင်း မတည်ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၃၁၃၀) သိန်းအား ကဏ္ဍအလိုက် အသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန် /ဆက်)