ဟိုင်းကြီးကျွန်းမြို့ ဒေသအတွင်း၌ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ဟိုင်းကြီးကျွန်း မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့် ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယနေ့နံနက်(၀၉း၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၌ ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှတ်(၁)ရပ်ကွက် သတ္တမဇောတိကာရုံဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကလေးငယ်များ ရာနှုန်းပြည့် ကျောင်းအပ်နှံရေး၊ မှတ်ပုံတင် အသစ်ပြုလုပ်၊ ပျောက်ပျက်၊ လဲလှယ်ခြင်းနှင့် ပတ်သက်သော လုပ်ငန်းများ၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေး ရောဂါအကြောင်း၊ မိုးသက်လေပြင်းကြောင့် နေအိမ်အမိုးလန်ခြင်းနှင့် သစ်ပင်လဲကျပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ အဆောက် အဦးအသစ် ဆောက်လုပ်ခြင်းအတွက် ခွင့်ပြုမိန့် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံများ၏ တင်ပြ ဆွေးနွေမှုများကို သက်ဆိုင်ရာ ဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)