သရက်မြို့၌ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

သရက် မေ ၂၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းနှင့် ထခွဲ လ(၃)  တို့တွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျောင်းများတွင် စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စာသင်ခုံများ ဆေးကြောသန့်စင်ခြင်းနှင့် ကျောင်းတွင်းကျောင်းပြင် ခြုံနွယ်ပေါင်း မျက်များ ရှင်းလင်းခြင်းနှင့် အမှိုက်များ သိမ်းဆည်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများက စာသင်ခန်းများအတွင်း ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေ ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ လူမှုရေး အသင်း အဖွဲ့များက  ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းတွင်း၊ ကျောင်းပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို အမှတ်(၁၂) ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း စက်ရုံမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)