ကျောက်ဆည် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များကို မေ(၂၃)ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါး(၁)ဧကအတွက် ငွေ(၁၅၀၀၀၀)ကျပ်၊ ယာသီးနှံတစ်ဧကအတွက်ငွေ(၁၀၀၀၀၀)ကျပ်နှင့် ဝါမျိုးစေ့ထုတ်(၁)ဧကအတွက် ငွေ(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ကျေးရွာအုပ်စု(၈၃)အုပ်စုမှ တောင်သူများအတွက် ငွေကျပ်(၆၀၀၀၀)သိန်း လျာထားထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၄)အုပ်စုမှ တောင်သူ(၁၃၉)ဦးအား ငွေကျပ်(၉၇၂)သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ သိရသည်။
ခရိုင်- ပြန်/ဆက်