တာလေ မေ ၂၇
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ ပညာသင်ယူ၊ သင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားအွန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၇ နာရီခွဲက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူးဉီးအောင်ပြည့်ဖြိုးဉီးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးထွန်းမျိုးအောင်ဉီးဆောင်သော တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်များအား စက်ယန္တယားများ၊ လူအင်အားများဖြင့်ရှင်းလင်းကာ အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်သူများအား မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ လ္ဘက်ရည်၊ ကောက်ညှင်းပေါင်း၊ ပဲပြုတ်နှင့် ကိတ်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)