သတင်းများ

စလင်းမြို့နယ်အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ​ ကျေးလက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပနိုင်ရေး သစ်ပင်စိုက်ပျိုးနိုင်ရန် အတွက် ပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၂၀၉၀၀) ပျိုးထောင်ထားရှိ
May 03,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း စိမ်းလန်းစိုပြေလှပစေရေး စိုက်ပျိုးနိုင်ရန်အတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ပျိုးဥယျာဥ်တွင် ပျိုးပင်များကို နှစ်စဥ်ပျိုးထောင်ထားရှိလျက်ရှိရာ ယခုနှစ် ၂၀၂၃ ခုနှစ် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၀၉၀၀)ပင်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လယ်ဝေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်း နှစ်ကျောင်းတွင် နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းများ သင်ကြားနေမှု အခြေအနေများအား ကြည့်ရှုအားပေး
May 03,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လယ်ဝေးခရိုင်အတွင်းရှိ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းများ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ သင်ကြားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ
May 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော်တွင် (၅၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့နံနက် ၇ နာရီကစ၍ စေတီတော်ဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကဆုန်လပြည့်(ဗုဒ္ဓ)နေ့တွင် မိတ္ထီလာ၌ သံဃာတော် ၁ဝ၈ ပါး ဆွမ်းလောင်းလှူပွဲကျင်းပ
May 03,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် သံဃာတော် ၁ဝ၈ ပါး ဆွမ်းလောင်းလှူပွဲကို မိတ္ထီလာမြို့ ရွှေမြင်တင်ဓမ္မရာဇိက စေတီတော်ရင်ပြင်တော်၌ ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓ)နေ့ နံနက် ၆ နာရီအချိန်က ကျင်းပကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် (၁၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီးများ ပူဇော်ပွဲနှင့် သံဃာတော်(၁၀၈)ပါး ဆွမ်းလောင်းလှူပွဲ ကျင်းပ
May 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့) ၂၀၂၃ ခုနှစ် မေလ(၃)ရက်နေ့ နံနက်(၆)နာရီအချိန်က သီရိသာသနာ့ ဓမ္မာရုံ၌ (၁၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီးများ ပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ 
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများဆွေးနွေးပွဲ (Talk Show)  ပြုလုပ်
May 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ (၂)နာရီက  ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်‌သေ
မြို့သစ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်
May 03,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုး ပြုလုပ်ငန်းများလုပ်ဆောင်
May 03,2023
မေလ(၅)ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ မေလ လ ၁ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲကို မကွေးမြို့ ကမ်းနားလမ်း ညောင်ကိုးပင်ဆိပ်ဧရာဝတီမြစ်ကမ်း၌ ကျင်းပခဲ့ပြီး၊