သတင်းများ

အောင်လံမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြကြီးကျေးရွာနှင့် မိုးကောင်းကျေးရွာတွင် နေအိမ်များ အမိုးလန်ပျက်စီး
May 03,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့မွန်းလွဲ (၂:၀၀) နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြကြီးကျေးရွာအုပ်စု၊ ပြကြီးကျေးရွာနှင့် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာတို့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကဆုန်လပြည့်နေ့တွင် ပဲခူးမြို့ရှိ ဘုရားပုထိုး၊ စေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား
May 03,2023
ကဆုန်လပြည့် ဗုဒ္ဓနေ့အဖြစ် ဗုဒ္ဓဘာသာဝင်တွေအထွတ်အမြတ်ထားရာ ယနေ့သည်ဘုရားဖြစ်မည့် ဗျာဒိတ်တော်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့၊
ဟင်္သာတမြို့နယ်တွင် သံဃာတော် (၄၄၀) ပါးနှင့် သီလရှင်(၁၀၀) ပါးတို့အား လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ
May 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ နံနက် ၇ နာရီက ဘုရားကြီးရပ်ကွက်၊ ငါးမျက်နှာစေတီတော်မြတ်ကြီးတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟင်္သာတမြို့ပေါ်ရှိ သံဃာတော်(၄၄၀)ပါးနှင့် သီလရှင်(၁၀၀) ပါး၊ စုစုပေါင်း(၅၄၀)ပါးတို့အား လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ တထောင့်ဝင်ကုန်း မိုးကောင်းစေတီ အနေကဇာတင်ခြင်းနှင့်  ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပ
May 03,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဇေယျာသီရိမြို့နယ်ရှိ တထောင့်ဝင်ကုန်း မိုးကောင်းစေတီ အနေကဇာတင်ခြင်းနှင့်  ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တထောင့်ဝင်ကုန်း မိုးကောင်းစေတီတော်၌ ကျင်းပခဲ့သည်။
သာစည်မြို့၌ သံဃာတော် (၁၀၈)ပါးအားဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပ
May 03,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော သံဃာတော် (၁၀၈) ပါးအား  သံဃဒါန ဆွမ်း၊ ဆွမ်းဟင်း၊  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီက အမှတ်(၆) ရပ်ကွက်သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား
May 03,2023
ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏ အထင်ကရ တစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့ နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။
ချောင်းဆုံမြို့နယ်တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်နှင့် သာသနာ့ အလံတင် အခမ်းအနား ကျင်းပ
May 03,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့် ဆရာတော်၊ သံဃာ တော်များနှင့် ယောဂီများက သာသနာ့အလံတော်အား ပင့်ဆောင်လှည့်လည် ပူဇော်ခံကာ ကဆုန်ညောင် ရေသွန်းလောင်းပွဲတော်နှင့် သာသနာ့ အလံတင်အခမ်းအနားကို မေလ ၃ ရက်နေ့ နံနက် (၇)နာရီ အချိန်က ရွှေမြင့်မိုရ်တောင် ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
May 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ မြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် (၇)နာရီအချိန်က ဖျာပုံမြို့ ပြည်လုံးချမ်းသာသာစည်ဘုရားကြီးဝန်းအတွင်းကျင်းပ ပြုလုပ်သည်။