ဂန့်ဂေါမြို့ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားတွင် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ ကျင်းပ
May 03,2023
ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ဂန့်ဂေါမြို့မြောက်ကုန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေပြည်ဆိပ်ဦးဘုရားတွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယနေ့နံနက် ၇ နာရီကပြုလုပ်ရာ အခမ်းအနားကို နမောတဿဘုရားရှိခိုးဖြင့်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မြို့ခင်းသာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကြကာ သံဃာတော်များထံမှ ပရိတ်တရားတော်မြတ်ကို နာယူကြသည်။