တနင်္သာရီမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက်အတွင်း (ဗုဒ္ဓနေ့) အာရုဏ်ဆွမ်းနှင့် နံ့သာရည် သွန်းလောင်းပူဇော်ပွဲ ကျင်းပ
May 03,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ၁၃၈၅ခုနှစ်၊ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ကို ရည်မျှော်မှန်း၍ အာရုဏ်ဆွမ်းလှူဒါန်းပြီး မဟာဗောဓိညောင်ပင်တို့အား နံ့သာရည်သွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို မြို့ဦးပရိယတ္တိစာသင်တိုက်ဓမ္မာရုံအတွင်း ယနေ့ နံနက် ၅ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီမြို့နယ်၊အမှတ်(၂) စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။