သတင်းများ

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲများကျင်းပ
Dec 09,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့ နံနက် ၆ နာရီအချိန်က တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် သက်ဆိုင်ရာစုရပ်များတွင် ကျင်းပလျက်ရှိသည်။
ဆေးခန်းကြီးကြပ်ရေးကော်မတီအဖွဲ့၏ ပထမအကြိမ်မြောက် အစည်းအဝေး ကျင်းပ
Dec 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မြို့မ(၁)ရပ်ကွက်၊ ကျောင်းတောင်ရပ် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် အပတ်စဉ် စနေနေ့တိုင်း ဆေးခန်းဖွင့်လှစ်၍ အဘိုး/အဘွား များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေး ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာကိစ္စရပ်များ စနစ်တကျဖြစ်စေ ရန်အတွက် ဆေးခန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်သာမြို့ သက်တန့်ရောင်စဉ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 09,2023
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက်  (၉)နာရီ အချိန်က  မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ခွင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်​ဆေးခြင်း ပြုလုပ်
Dec 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်​၊ ရေတာရှည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းနှင့် စည်းကမ်း ပြည့်ဝသူများ လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအဖွဲ့မှ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ရေတာရှည်မြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု စစ်ဆေးခြင်းများ ပြုလုပ်
Dec 09,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ကျောင်းသား လူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်စီမံကိန်းများ ဆောင်ရွက်ရန် လူရည်ချွန် စိစစ်ရွေးချယ်ပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၆)နာရီခွဲက ကျိုက်ထိုမြို့ အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး
Dec 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် ယမန်နေ့နံနက် ၈နာရီမှစ၍ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းများကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယှဉ်ပြိုင်စံချိန်ယူ စစ်ဆေးကြကြောင်း သိရသည်။
မန္တလေးကွန်ဗင်းရှင်းစင်တာတွင် မန္တလေး စိုက်ပျိုးမွေးမြူရေးနှင့် စက်ပစ္စည်းပြပွဲ ၂၀၂၃ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Dec 09,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၁x၇၂လမ်းကြား၊ ၁၀၁လမ်း (သိပ္ပံလမ်း)ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် မန္တလေးစိုက်ပျိုး မွေးမြူရေးနှင့် စက်ပစ္စည်းပြပွဲ ၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Dec 09,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အတွင်းဖွင့်လှစ် ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။