သတင်းများ

ကျိုက်လတ်၌ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
May 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)နေ့ နံနက်ပိုင်းက ရပ်တော်မူမြတ်စွာဘုရားကြီးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်စေတီတော်မြတ်ကြီး၌ မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲ ကျင်းပ
May 03,2023
၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီအဖြစ် သတ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင် နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ဦးရာဇ်တော်ဂေါပကအဖွဲ့မှကြီးမှူး၍ ယနေ့၊ နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး၏ သာသနာ့ ဗိမာန်တော်၌ ကျင်းပခဲ့ကြသည်။
ပဲခူးမြို့၊  ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး (၁၀၀၀) ဖြင့်     ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခြင်းကျင်းပ
May 03,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ ယနေ့နံနက် အာရုဏ်တက်ချိန်တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး (၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သံဃာအပါး (၁၀၀၀)၊ သီလရှင်အပါး (၁၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း ကျင်းပပြုလုပ်ခဲ့ သည်။
မတ္တရာမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကျင်းပ
May 03,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် သံဃာ ၁၀၈ ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယနေ့ ကဆုန်လပြည့်နေ့ နံနက် ၆နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
May 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း  အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 03,2023
မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော် မြတ်ကြီး၏ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို ယနေ့၊ နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့ ကန်ကြီးစေတီတော်မြတ်ကြီး၌ (၅၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲကျင်းပ
May 03,2023
မွန်ပြည်နယ်  မုဒုံမြို့ကျက်သရေဆောင်  သမိုင်းဝင်ဆံတော်ရှင်  ကန်ကြီးစေတီတော် မြတ်ကြီးတွင်  ( ၅၂ )ကြိမ်မြောက်  ကဆုန်ညောင် ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့ (ကဆုန်လပြည့် ဗုဒ္ဓနေ့) နံနက် ၆ နာရီက စေတီတော်မြတ်ကြီးရင်ပြင်ရှိ မဟာဗောဓိ ညောင်ပင်၌ ကျင်းပသည်။
ပုလောမြို့နယ်လုံးဆိုင်ရာ အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေစေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ
May 03,2023
ပုလောမြို့နယ်လုံးဆိုင်ရာ အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေစေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲတော်ကို အဆိုပါ စေတီတော်ရင်ပြင်တော်၌  ယနေ့နံနက်ပိုင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။